back

ရခိုင်ဘက်မှ လူငယ်တစ်ဦးကို ဘင်္ဂလားနယ်စပ်မှာ လက်နက်ကျည်ဆံတွေနဲ့ အတူဖမ်းမိ

Feb 04 • 3:18 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ဘက်မှ လူငယ်တစ်ဦးကို ဘင်္ဂလားနယ်စပ်မှာ လက်နက်ကျည်ဆံတွေနဲ့ အတူဖမ်းမိ

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB)က  ရခိုင်ဘက်မှ လူငယ်တစ်ဦးကို သေနတ်တစ်လက်၊ ကျည်ဆံတွေနဲ့ အတူ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသ...

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB)က  ရခိုင်ဘက်မှ လူငယ်တစ်ဦးကို သေနတ်တစ်လက်၊ ကျည်ဆံတွေနဲ့ အတူ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသတွင်း မီဒီယာတစ်ခုမှာ ဓာတ်ပုံနဲ့ တကွ သတင်းဖော်ပြပါတယ်။  ဖမ်းဆီးခံရတဲ့ လူငယ်ရဲ့ အမည်မှာ ခင်မောင်ချို (၂၀) နှစ် (ဘ) ဦးစိန်မောင်ဖြစ်တယ်လို့ ဖော်ပြထားပြီး သူဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်၊ မောင်တောခရိုင်၊ မဒတ်ကလောင်းပါရာမှာ နေထိုင်သူဖြစ်တယ်လို့  ဖော်ပြထားပါတယ်။ ဒါပေမဲ့ သူဟာ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာ ဖော်ပြထားခြင်းမရှိသလို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းနေတုန်းလို့သာ ဆိုထားပါတယ်။ဒီလူငယ်ကို ရှာဖွေရာ SLR ရိုင်ဖယ်တစ်လက်၊ ကျည်ဆန် ၁၈၀ တောင့် (ကျည်ကပ် ၃ ခုအပါအဝင်)နဲ့  သံလွင်ရောင် ခါးပတ်တစ်ချောင်းကို တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ သတင်းမှာ ဆက်ဖော်ပြပါတယ်။ဒီလူငယ်အား ဖမ်းဆီးပြီးနောက် နာရီပေါင်းများစွာ စစ်ဆေးမေးမြန်းခဲ့ပြီး ကနဦး စုံစမ်းစစ်ဆေးမှုတွေနဲ့  ဥပဒေလုပ်ငန်းစဉ်တွေ ပြီးမြောက်ပြီးနောက် တနင်္လာနေ့ (ဖေဖော်ဝါရီ ၂ ရက်) မွန်းလွဲပိုင်းမှာ ဘင်ဒရိုဘင် ခရိုင်တရားရုံးကို ပို့ဆောင်ခဲ့တယ်လို့  နတ်ချောင်းဆရီ ရဲစခန်းက အတည်ပြု ပြောဆိုခဲ့ပါတယ်။

news-view-count-icon

20