back

ကမ္ဘောဒီးယားအခြေစိုက် Scam ဂိုဏ်းကြီးကို ထိုင်းစစ်တပ် ဝင်ရောက်စီးနင်း

Feb 04 • 3:19 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားအခြေစိုက် Scam ဂိုဏ်းကြီးကို ထိုင်းစစ်တပ် ဝင်ရောက်စီးနင်း

ကမ္ဘောဒီးယားနိုင်ငံ O’Smach မြို့မှာရှိတဲ့ စွန့်ပစ်ထားတဲ့ ကျားဖြန့် (Scam) ဂိုဏ်းအခြေစိုက်ရာ အဆောက်အဦတစ်ခုအတွင်းမှာ စင်ကာပူနိုင်ငံက ရဲစခန်းတစ်ခုရဲ့ ပုံစံတူကို ထ...

ကမ္ဘောဒီးယားနိုင်ငံ O’Smach မြို့မှာရှိတဲ့ စွန့်ပစ်ထားတဲ့ ကျားဖြန့် (Scam) ဂိုဏ်းအခြေစိုက်ရာ အဆောက်အဦတစ်ခုအတွင်းမှာ စင်ကာပူနိုင်ငံက ရဲစခန်းတစ်ခုရဲ့ ပုံစံတူကို ထိုင်းစစ်တပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ခြောက်ထပ်ရှိတဲ့ အဲဒီအဆောက်အဦကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွေဖြစ်ပွားချိန်မှာ ထိုင်းစစ်တပ်က သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ စင်ကာပူတင်မကဘဲ ဘရာဇီး၊ တရုတ်နဲ့ ဩစတေးလျနိုင်ငံတွေက ရဲစခန်းပုံစံတူ အခန်းတွေကိုပါ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။စင်ကာပူရဲတပ်ဖွဲ့ရဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ထိုင်းအာဏာပိုင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ "Police Woodlands East NPC" ဆိုတဲ့ စာသားနဲ့ စင်ကာပူရဲတပ်ဖွဲ့ရဲ့ တံဆိပ်ကို အနောက်ခံ Blue Backdrop အပြားကြီးမှာ ပုံတူကူးပြီး ပြုလုပ်ထားတာကို တွေ့ရှိရပါတယ်။ အဲဒီနေရာမှာ နိုင်ငံတကာကို အမည်မသိ ဖုန်းခေါ်ဆိုလို့ရတဲ့ SIM Card ပေါင်း ၈၀၀ ကျော်နဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ အဆောင်အယောင်တွေ၊ ရဲယူနီဖောင်း အတုတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

news-view-count-icon

7