back

ဂျပန်မှာ နှင်းတွေထူထပ်စွာကျဆင်းမှုကြောင့် လူ ၃၀ သေဆုံး

Feb 04 • 3:14 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်မှာ နှင်းတွေထူထပ်စွာကျဆင်းမှုကြောင့် လူ ၃၀ သေဆုံး

ဂျပန်နိုင်ငံမှာ ထူးထူးခြားခြား နှင်းထူထပ်စွာ ကျဆင်းမှုကြောင့် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း အနည်းဆုံး လူ ၃၀ သေဆုံးခဲ့တယ်လို့ အရာရှိတွေက အင်္ဂါနေ့မှာ ထုတ်ဖော် ပြောကြာ...

ဂျပန်နိုင်ငံမှာ ထူးထူးခြားခြား နှင်းထူထပ်စွာ ကျဆင်းမှုကြောင့် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း အနည်းဆုံး လူ ၃၀ သေဆုံးခဲ့တယ်လို့ အရာရှိတွေက အင်္ဂါနေ့မှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီသေဆုံးမှု အရေအတွက်ဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၃ ရက်နေ့အတွင်း ဖြစ်တယ်လို့ မီးသတ်နဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီရဲ့ အဆိုအရ သိရပါတယ်။ နိုင်ငံမြောက်ပိုင်းရှိ နေအိမ်တွေက ထွက်ခွာဖို့ ရုန်းကန်နေရကြတဲ့ ဒေသခံတွေအတွက် ကြီးမားတဲ့ နှင်းထုတွေကို ရှင်းလင်းဖို့အတွက် အစိုးရက တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ နေရာတွေကတော့ နိုင်ငံမြောက်ပိုင်း အာအိုမိုရီဒေသရဲ့ အစိတ်အပိုင်း ဒေသတွေဖြစ်ပြီး နှင်းထုသည် ၄.၅ မီတာ (၁၄ ပေ) အထိ ဖုံးလွှမ်းနေတာကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။အခုလို နှင်းများထူထပ်စွာ ကျဆင်းမှုကြောင့် သေဆုံးမှုတွေအများအပြား ဖြစ်ပွားခဲ့ပြီး အသက် ၉၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ အလောင်းကိုတော့ သူမရဲ့ အိမ်အပြင်ဘက်ရှိ သုံးမီတာအမြင့်ရှိ နှင်းပုံအောက်မှာ ရှာတွေ့ရှိခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အဓိက ဆိုးရွားလှတဲ့ ရာသီဥတုကြောင့် မကြာသေးမီရက်သတ္တပတ်တွေအတွင်း ဂျပန် ပင်လယ် ကမ်းရိုးတန်း တစ်လျှောက်မှာ နှင်းထုကြီးကြီးမားမားကျဆင်းခဲ့ပြီး အဓိက ဟွန်ရှူးကျွန်းရဲ့ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသအချို့မှာ ပုံမှန်ထက် နှစ်ဆကျော် နှင်းထုများ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

news-view-count-icon

22