မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၃)ဦးကို ဖေဖော်ဝါရီ ၃ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသား(၁)ဦး၊ ဆီရီရာလီယွန်နိုင်ငံသား(၂)ဦးတို့အား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်း ချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ်(၂)ချစ် ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတာဝန်ရှိသူများက ထိုင်းနိုင်ငံဆိုင်ရာ၊ ရုရှားနိုင်ငံသံရုံးမှ Counsellor Mr. Ilyn Ilia နှင့်တာဝန်ရှိသူ များ၊ ဆီရီရာလီယွန်နိုင်ငံမှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာအထောက်အ ထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။



