မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ မြန်မာ့ဘောလုံးလောကတွင် လူငယ်မျိုးဆက်သစ်များဖော်ထုတ်နိုင်ရန် ၊ အကယ်ဒမီများအရည်အသွေးမြှင့်တင်နိုင်ရန်အတွက် ဂျပန်လူမျိုးနည်းပြ Mr. Keisuke Amano အား Academies and Youth Development Director အ ဖြစ်ခန့်အပ်ခဲ့ကြောင်း သိရသည်။ဂျပန်လူမျိုးနည်းပြ Mr. Keisuke Amano အား MFF မှ (၂)နှစ်စာချုပ်ဖြင့်ခန့်အပ်ခဲ့ခြင်းဖြစ်ကာ စာချုပ်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထူးချွန်သည့်လူငယ်ကစားသမားများကို စနစ်တကျရှာဖွေခြင်း၊ အ ကယ်ဒမီများရှိနည်းပြများ၏ အရည်အသွေးကိုမြှင့်တင်ရန် သင်တန်းများပို့ချခြင်း၊ မြန်မာ့ဘောလုံးအ ကယ်ဒမီများအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမဟာ ဗျူဟာများရေးဆွဲခြင်းများကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။၎င်းသည် JFA / AFC A-License ရရှိထားသော ဝါရင့်နည်းပြတစ်ဦးဖြစ်ပြီး ဂျပန်ဂျေလိဂ်ကလပ် Kashima Antlers FC အကယ်ဒမီတွင် (၁၃)နှစ်ကျော်နည်းပြအ ဖြစ်တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံ၊ ချန်ဒူးဘောလုံးအဖွဲ့ချုပ် (Chengdu FA)တွင် လူငယ်ဖွံ့ဖြိုးရေးနည်းစနစ်ဒါရိုက် တာ၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် လူငယ်ဖွံ့ဖြိုးရေးနည်းပညာဒါရိုက်တာအဖြစ်လုပ်ကိုင်ခဲ့ပြီး ဥရောပကလပ်များတွင်ကစားနေသည့် Machida Koki နှင့် Ueda Ayase တို့ကဲ့သို့ ထိပ်တန်းကစားသမားများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့သူဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှဂျပန်လူမျိုးနည်းပြ Keisuke Amano အား Academies and Youth Development Director အဖြစ်ခန့်အပ်
Feb 04 • 2:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


