menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ရန်ကုန်မြို့ပတ် ရထားကို ခဲဖြင့်ပေါက်သူများ ဖမ်းဆီးရမိရန်ကုန်-နေပြည်တော် လမ်းပိုင်း ပြေးဆွဲနေသည့် ရထားတွဲဆိုင်းသစ်ကိုလည်း ခဲဖြင့် ပစ်ပေါက်မှုဖြစ်ပွား

Feb 04 • 2:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-newsbreaking-news

မျှဝေမည်

share-news
cover

ရန်ကုန်မြို့ပတ် ရထားကို ခဲဖြင့်ပေါက်သူများ ဖမ်းဆီးရမိရန်ကုန်-နေပြည်တော် လမ်းပိုင်း ပြေးဆွဲနေသည့် ရထားတွဲဆိုင်းသစ်ကိုလည်း ခဲဖြင့် ပစ်ပေါက်မှုဖြစ်ပွား

ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် ရထားလမ်းအဆင့်မြှင့်တင်ပြီးဖြစ်ပြီး DEMU တွဲဆိုင်းသစ်များ၊ DEMU ရထား နှင့် RBE ရထားများဖြင့် ပြေးဆွဲပေးနေစဉ် ဇန်နဝါရီ(၃၀)ရက်က အင်းစ...

cover-photo

ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် ရထားလမ်းအဆင့်မြှင့်တင်ပြီးဖြစ်ပြီး DEMU တွဲဆိုင်းသစ်များ၊ DEMU ရထား နှင့် RBE ရထားများဖြင့် ပြေးဆွဲပေးနေစဉ် ဇန်နဝါရီ(၃၀)ရက်က အင်းစိန်-လှော်ကား ပြေးဆွဲနေသည့် ရထားကို အမည်မသိ အမျိုးသားတစ်ဦးက ခဲဖြင့် ပစ်‌ပေါက်ခဲ့ခြင်းကြောင့် ခရီးသည် မှန်ပြတင်းပေါက် ပျက်ဆီးခဲ့ကြောင်း မြန်မာမီးရထားမှ သိရသည်။မိုင်တိုင်အမှတ် ၁၅ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကို အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဖေဖေါ်ဝါရီ ၁ ရက်၌ လုံခြုံရေးအဖွဲ့များက သွားရောက်စစ်ဆေးစဉ် ရထားကို ခဲဖြင့် ထပ်မံပစ်ပေါက်နေသည့် တရားခံ လေးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ တရားခံလေးဦးသည် ရွှေပြည်သာမြို့နယ်နေ ထိန်လင်းအောင်၊ပြည်ဖြိုးအောင်၊ချမ်းမြေ့အောင် နှင့် ကောင်းမြတ်မင်းတို့ဖြစ်ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းကလည်း ရန်ကုန်-နေပြည်တော် လမ်းပိုင်း ၌ ပြေးဆွဲပေးနေသည့် DEMU ရထားသည် ရေတာရှည်မြို့နယ် မြို့လှနှင့် ရေနီဘူတာအကြား မိုင်တိုင် ၂၀၃ တွင် အမည်မသိတစ်ဦးက ရထားကို ခဲဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။ရထားစက်ခေါင်းနောက် သုံးတွဲမြောက် ခရီးသည်ထိုင်ခုံနေရာ A4 ပြတင်းပေါက်ကို ထိမှန်ခဲ့ပြီး ကွဲကြေပျက်စီးမှုဖြစ်ပွား ခဲ့ခြင်းကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်းလည်း သိရသည်။အဆိုပါ ရထားပို့ဆောင်ရေးလုပ်ငန်းကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်းအတွက် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ(၇၉)ခ အရ အနည်းဆုံး ၅ နှစ် မှ အများဆုံး နှစ် ၂၀ ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဌားန်ထားသည်။



news-view-count-icon

30

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

လိဂ်ဖလားဗိုလ်လုပွဲကို ရောက်ရှိခဲ့တာဟာ အသင်းအတွက် အကောင်းဆုံးဗီတာမင်တွေ ဖြည့်သွင်းလိုက်နိုင်သလိုပဲလို့ အာတေတာ ပြောကြား

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှဂျပန်လူမျိုးနည်းပြ Keisuke Amano အား Academies and Youth Development Director အဖြစ်ခန့်အပ်

cover-photo
right-arrow-icon