back

၂၀၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ကျင်းပသွားမည်

Feb 04 • 2:26 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ကျင်းပသွားမည်

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် Level အားလုံး၏ စာမေးပွဲက...

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် Level အားလုံး၏ စာမေးပွဲကြေးများကို ၅၂,၀၀၀ ကျပ်မှ ၅၇,၀၀၀ ကျပ်အထိ သတ်မှတ်လိုက်ပြီး၊ Online လျှောက်လွှာများကို Level အလိုက် မတ်လ ၃ ရက်မှ ၁၃ ရက်အတွင်း အသီးသီးလက်ခံသွားမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့် လျှောက်လွှာမတင်မီ Registration ပြုလုပ်ခြင်းကို ကြိုတင်ဆောင်ရွက်ထားရန်လိုအပ်ကာ သင်တန်းကျောင်းများအလိုက် လျှောက်ထားခြင်းကိုမူ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၇ ရက်အတွင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

news-view-count-icon

19