မြန်မာ့အကြီးဆုံး ဆောက်လုပ်ရေးပြပွဲကြီးဖြစ်သည့် Myanmar Build Expo 2026 ကို ရန်ကုန်မြို့၊ Yangon Convention Center (YCC) ၌ မတ်လ ၆ ရက်မှ ၈ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် ဆောက်လုပ်ရေးကဏ္ဍသာမက အိမ်ခြံမြေအရောင်းပြပွဲ၊ ဆိုလာစွမ်းအင်၊ လျှပ်စစ်ပစ္စည်းများနှင့် EV (လျှပ်စစ်ကား) အရောင်းပြပွဲများကိုပါ တစ်နေရာတည်းတွင် စုံလင်စွာ ထည့်သွင်းပြသသွားမည်ဖြစ်သည်။ ပြပွဲကို နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပါဝင်ပြသလိုသည့် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအနေဖြင့် ပြခန်းများကို ကြိုတင်ရယူနိုင်ကြောင်း သိရှိရပါသည်။
Feb 04 • 2:21 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 11 | 0 | 0 | 0 |


