back

ဧရာဝတီအမျိုးသမီးအသင်း၏ ရှုံးပွဲမရှိချန်ပီယံဆုဖလား အပ်နှံပွဲ အခမ်းအနား ပုသိမ်မြို့၌ ကျင်းပ

Feb 04 • 2:20 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ဧရာဝတီအမျိုးသမီးအသင်း၏ ရှုံးပွဲမရှိချန်ပီယံဆုဖလား အပ်နှံပွဲ အခမ်းအနား ပုသိမ်မြို့၌ ကျင်းပ

မြန်မာအမျိုးသမီးလိဂ် ၂၀၂၅-၂၀၂၆ ရာသီတွင် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ဧရာဝတီအမျိုးသမီးအသင်း (Ayeyawady United Women FC) သည် ၎င်းတို...

မြန်မာအမျိုးသမီးလိဂ် ၂၀၂၅-၂၀၂၆ ရာသီတွင် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ဧရာဝတီအမျိုးသမီးအသင်း (Ayeyawady United Women FC) သည် ၎င်းတို့၏ အောင်မြင်မှုကို မိသားစုဝင်များနှင့် ပရိသတ်များအား ပြန်လည်မျှဝေသည့် အနေဖြင့် ဖေဖော်ဝါရီ ၂ ရက်က ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ဆုဖလားအပ်နှံပွဲ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြပြီး၊ ဒေသခံဘောလုံးချစ်ပရိသတ်များကလည်း ချန်ပီယံအသင်းအား စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

9