ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးကစ်ခရိုင်တွင် အာဆင်နယ်အသင်းအင်္ကျီဝတ်ဆင်ကာ မူးယစ်ဆေးဝါးရောင်းချနေသည့် နိုက်ဂျီးရီးယားနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဝင်များက မန်ချက်စတာယူနိုက်တက် (Man Utd) အင်္ကျီများဝတ်ဆင်ပြီး ဝယ်ယူသူအဖြစ် ဟန်ဆောင်ကာ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖမ်းဆီးခဲ့သည်။ ပါတောင်ကျေးရွာတွင် အခြေစိုက်သည့် အဆိုပါအမျိုးသားထံမှ ကိုကင်း ၁၀ ကီလိုဂရမ်၊ မော်တော်ယာဉ်တစ်စီးနှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အသက် ၃၅ နှစ်အရွယ် Mr. Easy ဆိုသူအား ပါတောင်ရဲစခန်း၌ ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးရောင်းချမှုဖြင့် အရေးယူရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရပါသည်
ထိုင်းမှာ အာဆင်နယ်အင်္ကျီဝတ်ပြီး မူးယစ်ဆေးဝါးရောင်းနေသူကို ရဲတပ်ဖွဲ့ဝင်တွေက မန်ယူအင်္ကျီဝတ်ဆင်ကာ ဝင်ရောက်ဖမ်းဆီး
Feb 04 • 2:23 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


