ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ဧရာဝတီမြစ်ဆုံ-မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့မှ ပညာရှင်များသည် ဇန်နဝါရီ ၂၉ ရက်က ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ စီမံကိန်းဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲတွင် ငလျင်နှင့် ဘူမိဗေဒပညာရှင် ဒေါက်တာအေးလွင်က ငလျင်လှုပ်ခတ်မှုဆိုင်ရာ အခြေခံသဘောတရားများနှင့် တမံတည်ဆောက်မှုပုံစံများကိုလည်းကောင်း၊ ဒီဇိုင်းပညာရှင် ဒေါ်မြကြေးမုံက ရေအားလျှပ်စစ်မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုလည်းကောင်း ရှင်းလင်းခဲ့ကြသည်။ ထို့ပြင် မြစ်ကြောင်းထိန်းသိမ်းရေးနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုပညာရှင်များကလည်း ဧရာဝတီမြစ်ကြောင်း ဖြစ်ပေါ်မှု၊ တမံတည်ဆောက်ခြင်းနှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းပညာရပ်များကို ဒေသခံများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Feb 04 • 2:15 AM
မြန်မာ
ကချင်
မျှဝေမည်
| 15 | 0 | 0 | 0 |


