ဩစတြေးလျကမ်းလွန်သို့ လေတိုက်၍ မျောပါသွားသော မိခင်နှင့် မောင်နှမ နှစ်ဦးအား ကယ်တင်နိုင်ရန် အလင်း ရောင် နည်းပါးနေချိန်၌ လှိုင်းထန်နေသည့်ကြားမှ နာရီပေါင်းများစွာ ကမ်းခြေသို့ ရေကူးသွားခဲ့ကာ တာဝန်ရှိသူများကို အကြောင်းကြားခဲ့သည့် ၁၃ နှစ်သား ကလေးတစ်ဦး၏ ခိုင်မာသော သန္နိဌာန်ကို ချီးကျူးနေကြသည်။အနောက်ဩစတြေးလျပြည်နယ် တောင်ပိုင်း ဂျော်ဂရပ်ဖ် ပင်လယ်အော်၌ ပြီးခဲ့သည့် သောကြာနေ့က ၎င်းတို့မိသားစု လှေစီးအပန်းဖြေနေကြချိန်တွင် လေပြင်းများ တိုက်လာခဲ့ပြီးနောက် ရာဘာလှေများ လမ်းကြောင်းလွဲသွားခဲ့ပြီး ပင် လယ်ထဲသို့ မျောပါသွားခဲ့သည်ဟု ရဲတပ်ဖွဲ့ က ပြောသည်။ထိုအချိန်မှာပင် ယင်းကလေးက တာဝန်ရှိသူများအား အသိ ပေးအကြောင်း ကြားရန် ၎င်း၏ ကယက်လှေအား ကမ်း ခြေသို့ အားသွန်လှော်ခတ်ခဲ့သည်။ လှေထဲ ရေများဝင်ရောက်လာခဲ့ပြီးနောက် ကမ်း ခြေရောက်ရှိရန် ကျန်သေးသော လေးကီလိုမီတာ (ရေမိုင် ၂ မိုင်) အကွာအဝေးကို ၎င်းက ရေကူးသွားခဲ့သည်။ဒီမိသားစုက ပြသခဲ့တဲ့ ရဲရင့်မှုခွန်အားရှိမှုနဲ့ သတ္တိကတော့ တစ်ကယ်ကို ထူး ခြားပြောင်မြောက်ပါတယ်။ အထူးသဖြင့် တာဝန်ရှိသူတွေကိုအကြောင်းကြားဖို့ လေးကီလိုမီတာ ရေ ကူးခဲ့တဲ့လူငယ်လေးပါ” ဟု Naturaliste ကိုယ်ထူ ကိုယ်ထ ရေကြောင်းကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။
ဆယ်ကျော်သက်ကလေး၏ အားထုတ်မှုမှာ အာဂလူသား တစ်ယောက်၏ အား ထုတ်မှုဖြစ်သည်ဟု ယင်းအဖွဲ့ အကြီး အကဲ ပေါလ်ဘရက်စ်လန်းက ဆိုသည်။ပထမ ၂ နာရီမှာတော့ အသက်ကယ်အင်္ကျီနဲ့ ရေကူးနေခဲ့တာလို့ သူက ဆိုပါတယ်။ ဒါပေမယ့်လည်း အသက်ကယ်အင်္ကျီနဲ့ဆို သူ အချိန်မီရောက်မှာ မဟုတ်ဘူးလို့ ရဲရင့်သူလေးက ယူဆပြီး အသက်ကယ်အင်္ကျီကို ချွတ်ပစ်ခဲ့ပါတယ်။ ဒါနဲ့ သူက နောက်ထပ် ၂ ကီလိုမီတာကို အသက်ကယ်အင်္ကျီ မပါဘဲ ကူးခဲ့ပါတယ်” ဟု ဘရက်စ်လန်းက ပြောပြသည်။၁၃ နှစ်သားလေးသည် သောကြာနေ့ညနေ ၆ နာရီခန့်တွင် ကမ်းခြေသို့ ရောက်လာပြီး တာဝန်ရှိသူများအား အ ကြောင်းကြားခဲ့ရာ ဘတ်ဆဲလ်တန်မြို့အနီး ကွင်ဒါလုပ်ကမ်းခြေမှ ပျောက်ဆုံးနေသူများကို ရှာဖွေရန် ကြီး မားသော ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ စတင်ခဲ့သည်ဟု ဩစတြေးလျအနောက်ပိုင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ကမ်းရိုးတန်းမှ ၁၄ ကီလိုမီတာ ကွာဝေးသော ပင် လယ်ပြင်တွင် ၎င်းတို့လှေကို ဖက်တွယ်ထားကြသော အသက် ၄၇ နှစ်အရွယ်မိခင်၊ အသက် ၁၂ နှစ်အရွယ်ညီငယ်နှင့် အသက် ၈ နှစ်အရွယ် ညီမငယ်တို့ကို ရှာဖွေရေးရဟတ်ယာဉ် တစ်စီးက ည ၈ နာရီခွဲတွင် တွေ့ရှိခဲ့သည်။ ကယ်ဆယ်ရေး ရေယာဉ်တစ်စီးအား စေ လွှတ်၍ ၎င်းတို့အား အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ပင်လယ်ပြင်အခြေအနေများ ရုတ်ချည်း ပြောင်းလဲသွားနိုင်ကြောင်းကို ယခုဖြစ်ရပ်က ပြသနေသည်ဟု ရဲအရာရှိ ဂျိမ်းစ်ဘရက်ဒလေက ပြောသည်။သူတို့အားလုံး အသက်ကယ်အင်္ကျီတွေ ဝတ်ထားလို့ တော်သေးတာပေါ့၊ အဲဒီအချက်က သူတို့ အသက်ရှင်ဖို့ အ ထောက်အကူဖြစ်ခဲ့တယ်” ဟု ၎င်းက ဒေသ မီဒီယာကိုပြောသည်။ဒီ ၁၃ နှစ်သားလေးကိုတော့ ချီးကျူးလို့မဆုံးပါဘူး။ သူ့ရဲ့ ခိုင်မာတဲ့ဆုံး ဖြတ်ချက်နဲ့ သတ္တိရှိမှုက သူ့အမေနဲ့ မောင်နှမတွေရဲ့ အသက်ကို ကယ်လိုက်တာပါပဲ”ဟု ၎င်းက ဆိုသည်။


