back

တိုက်ကြီးမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ် နာရီဝက်ခန့်ကြာငြှိမ်းသတ်ခဲ့ရ

Feb 04 • 2:13 AM

breaking-news

မြန်မာ

ရန်ကုန်

cover

တိုက်ကြီးမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ် နာရီဝက်ခန့်ကြာငြှိမ်းသတ်ခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စုရှိ ရန်ကုန်-ပြည် လမ်းမပေါ်တွင် တည်ရှိသော စားသောက်ဆိုင်တစ်ဆိုင်၌ (ဖေဖော်ဝါရီ ၃ ရက်) နံနက် ၁၀ နာရီခွဲခန့...

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စုရှိ ရန်ကုန်-ပြည် လမ်းမပေါ်တွင် တည်ရှိသော စားသောက်ဆိုင်တစ်ဆိုင်၌ (ဖေဖော်ဝါရီ ၃ ရက်) နံနက် ၁၀ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုကို တိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် မြို့နယ်စည်ပင်တို့ ပူးပေါင်းငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၁၁ နာရီတွင် မီးငြိမ်းသွားခဲ့သည်။ ဖြစ်စဉ်အတွင်း စားသောက်ဆိုင်မှာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့က ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

19