back

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့် Registration အဆင့်ကို ပြန်လည်ပြုလုပ်ရန် လိုအပ်ဟု MAJA အသိပေး

Feb 04 • 2:17 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့် Registration အဆင့်ကို ပြန်လည်ပြုလုပ်ရန် လိုအပ်ဟု MAJA အသိပေး

၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ကို တစ်ဦးချင်းလျှောက်ထားဖြေဆိုမည့်သူများအနေဖြင့် Registration (အကောင့်ဖွင့်ခြင်း) အဆင...

၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ကို တစ်ဦးချင်းလျှောက်ထားဖြေဆိုမည့်သူများအနေဖြင့် Registration (အကောင့်ဖွင့်ခြင်း) အဆင့်ကို အသစ်ပြန်လည်ပြုလုပ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က ယနေ့ ဖေဖော်ဝါရီ ၃ ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။ ၎င်းတွင် ယခင်က လျှောက်ထားဖူးသူများလည်း ပါဝင်ပြီး၊ အချက်အလက်မှားယွင်း၍ ပြန်လည်ပြင်ဆင်ရပါက အတည်ပြုချက်ရရှိရန် ၃ ရက်မှ ၅ ရက်အထိ ကြာမြင့်နိုင်သဖြင့် ကြိုတင်ဆောင်ရွက်ထားရန် တိုက်တွန်းထားသည်။ အထူးသဖြင့် တစ်ဦးချင်းလျှောက်ထားသူများ၊ အသက် ၁၀ နှစ်အောက် ကလေးငယ်များနှင့် သံဃာတော်/သီလရှင်များအနေဖြင့် စာမေးပွဲလျှောက်လွှာလက်ခံသည့်ကာလတွင် အချိန်မီဖြေဆိုခွင့်ရရှိစေရန် Registration အား ကြိုတင်ပြီးမြောက်အောင် လုပ်ဆောင်ထားရန် လိုအပ်ကြောင်း သိရှိရပါသည်။

news-view-count-icon

20