ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ Samphanthawong ခရိုင် အာဏာပိုင်တွေဟာ ၂၀၂၆ ခုနှစ်အတွက် ကျင်းပဖို စီစဉ်ထားတဲ့ Yaowarat (ယာဝါရတ်) တရုတ်တန်း နှစ်သစ်ကူးပွဲတော်ကြီးကို ဖျက်သိမ်းလိုက်ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပွဲတော်ဟာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်တဲ့ ဘန်ကောက်မြို့ရဲ့အထင်ကရ အခမ်းအနားတစ်ခု ဖြစ်ပေမဲ့ အခုနှစ်မှာ မမျှော်လင့်ဘဲ ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။ နှစ်သစ် ကူးပွဲတော် ဖျက်သိမ်းရတဲ့ အသေးစိတ် အကြောင်းရင်းကို တိတိကျကျ ထုတ်ပြန်ထားတာ မရှိပေမဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ဒါမှမဟုတ် စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲ တွေကြောင့် ဖြစ်နိုင်တယ်လို့ ဒေသတွင်းသတင်းတွေက ခန့်မှန်းနေကြပါတယ်။ ၂၀၂၆ ခုနှစ်အတွက် ယာဝါရတ် တရုတ်နှစ်သစ်ကူးပွဲတော် စီစဉ်ရေးကော်မတီကတော့ မူလက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ကနေ ၁၈ ရက်အထိ ကျင်းပဖို စီစဉ်ထားတာ ဖြစ်ပါတယ်။



