back

စေတုတ္တရာမြို့နဲ့ မြေပုံမြို့ အနီးကို ဗဟိုပြုပြီး အင်အားပြင်း ငလျင် ၂ ကြိမ်လှုပ်ခတ်

Feb 04 • 1:57 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စေတုတ္တရာမြို့နဲ့ မြေပုံမြို့ အနီးကို ဗဟိုပြုပြီး အင်အားပြင်း ငလျင် ၂ ကြိမ်လှုပ်ခတ်

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နှင့် ရခိုင်ပြည်နယ် မြေပုံမြို့တို့အနီးကို ဗဟိုပြု၍ ယနေ့ညပိုင်းတွင် အင်အားပြင်းငလျင် နှစ်ကြိမ်ဆက်တိုက် လှုပ်ခတ်သွားကြောင်း မြေင...

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နှင့် ရခိုင်ပြည်နယ် မြေပုံမြို့တို့အနီးကို ဗဟိုပြု၍ ယနေ့ညပိုင်းတွင် အင်အားပြင်းငလျင် နှစ်ကြိမ်ဆက်တိုက် လှုပ်ခတ်သွားကြောင်း မြေငလျင်သတင်းများစင်တာက ထုတ်ပြန်ထားသည်။ ပထမအကြိမ်အဖြစ် ည ၁၀ နာရီ ၄ မိနစ်တွင် စေတုတ္တရာမြို့၏ အနောက်ဘက် ၂၀ မိုင်အကွာကို ဗဟိုပြု၍ အင်အား ရိခ်တာစကေး ၆.၀ အဆင့်ရှိ ပြင်းထန်ငလျင် လှုပ်ခတ်ခဲ့ပြီး ဒေသခံများ သိသိသာသာ ခံစားခဲ့ရသည်။ ထို့နောက် ည ၁၀ နာရီ ၂၁ မိနစ်တွင် မြေပုံမြို့၏ ၁၈ မိုင်အကွာ၌ အင်အား ရိခ်တာစကေး ၅.၄ အဆင့်ရှိသော နောက်ဆက်တွဲငလျင် တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်၏ အနက်မှာ မြေအောက် ၁၀ ကီလိုမီတာခန့်တွင် ရှိပြီး ထိခိုက်ပျက်စီးမှု အခြေအနေများကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။

news-view-count-icon

16