back

ရွေးကောက်တင်မြှောက်ပြီးဖြစ်သည့် လွှတ်တော်ကိုယ် စားလှယ်စာရင်းချုပ်အား UEC ထုတ်ပြန်

Feb 04 • 1:56 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရွေးကောက်တင်မြှောက်ပြီးဖြစ်သည့် လွှတ်တော်ကိုယ် စားလှယ်စာရင်းချုပ်အား UEC ထုတ်ပြန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပိုင်းလိုက်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်တင်မြှောက်...

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပိုင်းလိုက်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်တင်မြှောက်ပြီးဖြစ်သော လွှတ်တော်ကိုယ်စားလှယ် စာရင်းချုပ်ကို ယနေ့ ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကိုယ်စားလှယ် ၇၃၉ ဦးဖြင့် အများဆုံး ရွေးကောက်ခံခဲ့ရပြီး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) က ၆၈ ဦးဖြင့် ဒုတိယအများဆုံး ရရှိခဲ့သည်။ ထို့ပြင် ကျားဖြူပါတီ (၃၉) ဦး၊ ပြည်သူ့ပါတီ (၃၀) ဦးနှင့် အခြားတိုင်းရင်းသားပါတီများအပြင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးတို့လည်း ရွေးကောက်ခံခဲ့ရကြောင်း သိရှိရပါသည်။

news-view-count-icon

15