ဘီလ်ကလင်တန်နဲ့ ဟီလာရီကလင်တန်တို့ဟာဂျက်ဖရီအက်ပ်စတိန်း (Jeffrey Epstein) အမှုနဲ့ပတ်သက်လို့ လွှတ်တော်ရဲ့စုံစမ်းစစ်ဆေးမှုမှာ ဝါရှင်တန်ဒီစီသို့ လူကိုယ်တိုင်လာရောက်ပြီး ကျိန်ဆိုထွက်ဆိုချက် (Depositions) ပေးရန် သဘောတူညီခဲ့ကြတယ်လို့ CNNသတင်းဌာနမှသိရပါတယ်။၎င်းတို့ဟာ လွှတ်တော်ကို မလေးစားမှု (Contempt of Congress) ဖြင့် မဲခွဲအရေးယူခံရတော့မည့်အခြေအနေကို ရှောင်ရှားနိုင်ဖို့အတွက် နောက်ဆုံးမှာ အလျှော့ပေးလိုက်လျောခဲ့တာ ဖြစ်ပါတယ်။လွှတ်တော်ကော်မတီဟာ ကွယ်လွန်သူ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ကောင် ဂျက်ဖရီအက်ပ်စတိန်းနဲ့ ကလင်တန်တို့ရဲ့ ပတ်သက်မှုကို စုံစမ်းနေခြင်းဖြစ်သော်လည်း ၎င်းတို့နှစ်ဦးစလုံးဟာ မည်သည့်အမှားအယွင်းမျှ မလုပ်ခဲ့ကြောင်း ငြင်းဆိုထားပြီးအောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ရှေ့မှောက်မှာ လူကိုယ်တိုင်လာရောက်ကာ ကျိန်ဆိုထွက်ဆိုချက်ပေးရန် (Depositions) ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။



