အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် ကြားဝင်ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖောင်းကက်ကောင်းက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားလိုက်သည်။ ထိုင်းနိုင်ငံတော်လုံခြုံရေးကောင်စီ (NSC) အစည်းအဝေးတွင် မြန်မာ့ရွေးကောက်ပွဲအပြီး နောက်ဆုံးအခြေအနေများကို သုံးသပ်ခဲ့ကြပြီး၊ မြန်မာအစိုးရအာဏာပိုင်များသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပါ ထိတွေ့ဆက်ဆံသွားရန် ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရပ်တန့်နေသည့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်သွင်းရန် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင်ခြင်းဖြင့် ရှည်လျားလှသည့် နယ်စပ်ဒေသကို ဝန်ထုပ်ဝန်ပိုးအဖြစ်မှ စီးပွားရေးအခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရပါသည်။
Feb 04 • 1:59 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


