back

ဆင်ပေါင်ဝဲမြို့နယ်၌(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကျင်းပ

Feb 04 • 1:33 AM

breaking-news

မြန်မာ

မကွေး

cover

ဆင်ပေါင်ဝဲမြို့နယ်၌(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့ နံနက်...

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီးရှေ့ လမ်းမဘေး၌ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။၂၀၂၆ ခုနှစ်၊(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်မြေစိုက်ပိုစတာတွင်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် စိုက်ထူပေးကြောင်း သိရသည်။

news-view-count-icon

7