ရှမ်းပြည်နယ်၊တအာင်းဒေသ မန်တုံမြို့နယ်မှာ မီးသွေးတစ်အိတ်ကို ၅,၀၀၀ ကျပ်ဝန်းကျင်သာ ရတယ်လို့ မီးသွေးလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။“ကျနော်တို့ရွာမှာက တစ်အိတ်ကို ၄,၅၀၀ ဘဲပေးတာ။ ဒီစျေးအတိုင်းဆို ဘာမှတော့ မကျန်ဘူး။ ကျနော်တော့ မရောင်းရသေးဘူး။ ၄,၅၀၀ က တောင်ယာလုပ်ထားတဲ့ နေရာမှာ ကျန်တဲ့သစ်တွေကို မီးသွေးပြန်လုပ်တာပေါ့။ အခု ခုတ်ထားတဲ့ သစ်တွေဆို ၅,၀၀၀ ရတယ်” လို့ မန်တုံမြို့နယ် မန်အီရွာခံ ဦးအညီက ပြောပါတယ်။မီးသွေးစျေးတွေ မကောင်းတာကြောင့် မန်တုံမြို့နယ်က ဒေသခံတွေဟာ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။မန်တုံမြို့နယ်က ထွက်တဲ့ မီးသွေးတွေကို တရုတ်နိုင်ငံဘက်ကို အဓိက တင်ပို့တာပြီး တရုတ်ဘက်က စျေးနှိမ်ပြီး ဝယ်တာတွေနဲ့ လမ်းခရီး ဝေးတာတွေကြောင့် အခုလို မီးသွေးစျေး မရတာလို့ မီးသွေးအရောင်းအဝယ် လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
ရှမ်းပြည်နယ်၊မန်တုံမှာ မီးသွေးတစ်အိတ်ကို ကျပ် ၅ ထောင်ဝန်းကျင်သာ ရတာကြောင့် မီးသွေးတောင်သူတွေက စားဝတ်နေရေးမှာ အခက်တွေ့
Feb 04 • 1:34 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 7 | 0 | 0 | 0 |


