ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ဟိန္ဒူဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် (၇၅) ကြိမ်မြောက်“မဟာရာမယန ဟရိနာမ ရာမ” အသံမစဲပဌာန်းပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီ ၃ ရက်နေ့ထိ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ပွဲတော်ကာလအတွင်း ရာမယနဇာတ်တော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဟာနုမာန်ကို ပူဇော်ခြင်း၊ မဟာရာမယန ကျမ်းစာတော်လာ အပိုင်းအစများကို တူရိယာမျိုးစုံ တီးခတ်ပူဇော်ခဲ့ကြပြီး ပွဲတော်သို့ လာရောက်ကြသူများကို အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။ ထိုပွဲတော်ကို ဟိန္ဒူဘာသာဝင်အပါအဝင် ဒေသခံ ထောင်နှင့်ချီပါဝင်ခဲ့ကြပြီး တာဝန်ရှိသူများလည်း တက်ရောက်ကာ ပွဲတော်ဖြစ်မြောက်ရေးအတွက် ငွေကြေးများ ပံ့ပိုးခဲ့ကြောင်း သိရသည်။



