back

မင်းဘူးမြို့၌ အိမ်တွင်းလျှပ်စစ်မီးများ အန္တရာယ်ကင်းရှင်းစွာ အသုံးပြုတတ်စေရေး အခြေခံပညာကျောင်းများသို့ ပညာပေးလုပ်ငန်းများ ဆောင်ရွက်

Feb 04 • 1:32 AM

breaking-news

မြန်မာ

မကွေး

cover

မင်းဘူးမြို့၌ အိမ်တွင်းလျှပ်စစ်မီးများ အန္တရာယ်ကင်းရှင်းစွာ အသုံးပြုတတ်စေရေး အခြေခံပညာကျောင်းများသို့ ပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျောင်းသား ကျောင်းသူများ အိမ်တွင်း လျှပ်စစ်မီးအသုံးပြုမှုများတွင် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုတတ်စေရေး အသိပညာပ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျောင်းသား ကျောင်းသူများ အိမ်တွင်း လျှပ်စစ်မီးအသုံးပြုမှုများတွင် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုတတ်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာ ကျောင်းများသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်သည်။ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့ရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်း များက မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအနေဖြင့် လျှပ်စစ်အန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားပြီး အိမ်တွင်းလျှပ်စစ်မီး အသုံးမှုများတွင် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုတတ်စေရန်နှင့် ကလေးသူများမှတစ်ဆင့် မိသားစုအားလုံး လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် အသိပညာပေး ရှင်းလင်ပြောကြားပြီး ကျောင်းသား ကျောင်းသူများအား လျှပ်စစ်အန္တရာယ် သတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

20