ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ဖက်တွင် ရေခမ်းပြီး စက်လှေသွားလာမှုအပြင် စိုက်ပျိုးမှုအတွက်အခက်ခဲ ရှိသလို အင်းလေးအရှေ့ခြမ်းအချို့တွင် ရေပြန်မကျ၍ နွေစပါးစိုက်ပျိုးရန် အခက်ခဲရှိကြောင်း ဒေသခံထံမှ သိရသည်။"ကျွန်တော်တို့အင်းလေးလည်း တစ်နှစ်ထက်တစ်နှစ် ရေကြီးဒဏ်ကိုခံရမယ့်ပုံစံရှိတယ်။ အခုအင်းအရှေ့ဖက်က ရေကြီးခဲ့တာ ပြန်မကျသေး စိုက်ပျိုးဖို့ လမ်းစမမြင်၊ နန်းပန်ဖက်ကျ နှုန်းမြေတင်ကျန်ခဲ့မှုကြောင့် ရေမရှိပြန်ဘူး"ဟု အင်းလေးဒေသခံက ပြောသည်။အင်းလေးဒေသရေပြန်မကျသည့်နေရာတွင် စိုက်ပျိုးရေးပြန်လည် လုပ်ကိုင်နိုင်ရန် နန်းပန်ဖက်မှဆည်၊ ကျိန်းခမ်းဆည်များ ခဏဖြုတ်ပေးလျှင် အဆင်ပြေနိုင်ကြောင်း ၎င်းကဆိုသည်။ထို့အပြင် အင်းလေးဒေသ ကေလာရွာဖက်တွင် (၂၀၂၄)ခုနှစ် ရေကြီးခဲ့မှုဒဏ်ကြောင့် နှုန်းမြေများအခြေအနေကြောင့် ရေတိမ်ကောလာကာ စိုက်ပျိုးရန်နှင့် စက်လှေသွားလာမှု အခက်ခဲရှိနေကြောင်း သိရသည်။
Feb 04 • 1:25 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 28 | 0 | 0 | 0 |


