ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရမ်ကမ်ဟန်းနယ်မြေအတွင်းရှိ အွန်လိုင်းလောင်းကစားဂိုဏ်းများအတွက် ငွေကြေးအလွှဲအပြောင်းလုပ်ဆောင်မည့် ဘဏ်အကောင့် (mule accounts) များကို စီမံခန့်ခွဲပေးနေသည့် အသက် ၃၂ နှစ်အရွယ် ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးကို ဘဏ်စာအုပ် ၇၂ အုပ်၊ ATM ကတ် ၅၅ ကတ်တို့နှင့်အတူ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။ ၎င်းသည် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းကာ ဘဏ်အကောင့်များဖွင့်လှစ်စေပြီးနောက် နယ်စပ်ရှိ လောင်းကစားဂိုဏ်းများထံ တစ်သုတ်လျှင် ဘတ် ၂၀,၀၀၀ ခန့်ဖြင့် ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က ၎င်းအား ဆိုက်ဘာရာဇဝတ်မှု ကူညီဆောင်ရွက်ပေးမှု၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုတို့ဖြင့် အမှုဖွင့်ထားပြီး နောက်ကွယ်မှ ဆိုက်ဘာရာဇဝတ်မှုကွန်ရက်ကို ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းကာ အွန်လိုင်းလောင်းကစားအတွက် ဘဏ်အကောင့်ဖွင့်ပေးသူ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးကို ဘန်ကောက်တွင် ဖမ်းမိ
Feb 03 • 7:51 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


