back

ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမား အယ်အစ်တီဟတ်နှင့် လမ်းခွဲကာ အယ်ဟီလယ်အသင်းသို့ ပြောင်းရွှေ့

Feb 03 • 7:49 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမား အယ်အစ်တီဟတ်နှင့် လမ်းခွဲကာ အယ်ဟီလယ်အသင်းသို့ ပြောင်းရွှေ့

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီးမားသည် စာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေဖြစ်ခဲ့သည့် အယ်အစ်တီဟတ်အသင်းနှင့် လမ်းခွဲလိုက်ပြီးနောက် ဆော်ဒီပရိုလိဂ်ပြိုင်ဘက် အယ်ဟီလယ်အသင...

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီးမားသည် စာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေဖြစ်ခဲ့သည့် အယ်အစ်တီဟတ်အသင်းနှင့် လမ်းခွဲလိုက်ပြီးနောက် ဆော်ဒီပရိုလိဂ်ပြိုင်ဘက် အယ်ဟီလယ်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း အဆိုပါကလပ်က တရားဝင်ကြေညာခဲ့သည်။ အသက် ၃၈ နှစ်အရွယ် ဘန်ဇီးမားသည် အယ်အစ်တီဟတ်၏ စာချုပ်သစ်ကမ်းလှမ်းမှုအပေါ် လေးစားမှုကင်းမဲ့သည်ဟု ခံစားရသဖြင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏အပြောင်းအရွှေ့ကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF) က တိုက်ရိုက်စီမံခန့်ခွဲပေးခဲ့ခြင်းဖြစ်သည်။ ယခုအပြောင်းအရွှေ့အပေါ် အယ်နာဆာတိုက်စစ်မှူး စီရော်နယ်ဒိုက PIF ၏ စီမံခန့်ခွဲမှုသည် ကလပ်အသင်းများအပေါ် မျှတမှုမရှိဘဲ ပြိုင်ဘက်အသင်းများကိုသာ မျက်နှာသာပေးနေသည်ဟု ဝေဖန်စွပ်စွဲလိုက်ပြီး၊ ကန့်ကွက်သည့်အနေဖြင့် အယ်နာဆာအသင်း၏ နောက်ဆုံးပွဲစဉ်တွင် ပါဝင်ကစားခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

15