back

Model Y ဗားရှင်းအသစ် ဒေါ်လာ ၄၁,၉၉၀ ဖြင့် Tesla ရောင်းချ

Feb 03 • 7:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

Model Y ဗားရှင်းအသစ် ဒေါ်လာ ၄၁,၉၉၀ ဖြင့် Tesla ရောင်းချ

Tesla ဝက်ဘ်ဆိုက်မှာ Model Y all-wheel ဗားရှင်းအသစ်ကို ဒေါ်လာ ၄၁,၉၉၀ နဲ့ ရောင်းချနေပြီဖြစ်တယ်လို့ ပါတယ်။ ပရီမီယံမော်ဒယ်မှာ အဆင့်မြှင့်တင်ထားတဲ့ အတွင်းခန်း၊ ဆိုင်...

Tesla ဝက်ဘ်ဆိုက်မှာ Model Y all-wheel ဗားရှင်းအသစ်ကို ဒေါ်လာ ၄၁,၉၉၀ နဲ့ ရောင်းချနေပြီဖြစ်တယ်လို့ ပါတယ်။ ပရီမီယံမော်ဒယ်မှာ အဆင့်မြှင့်တင်ထားတဲ့ အတွင်းခန်း၊ ဆိုင်းထိန်းစနစ်၊ ရှေ့နောက်မီးဘားတွေနဲ့ ပုံမှန် Model Y ထက် အနည်းငယ်ပိုမိုကောင်းမွန်တဲ့ အကွာအဝေးနဲ့ စွမ်းဆောင်ရည်တို့ ပါရှိကြောင်း Tesla ဝက်ဘ်ဆိုက်မှာ ပြသထားပါတယ်။ Model Y ဟာ Tesla ကားတွေထဲ အရောင်းရဆုံးကားဖြစ်သလို ကမ္ဘာပေါ်မှာလည်း အရောင်းရဆုံး EV ကားတွေထဲမှာ တစ်စီး အပါ အဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ Tesla ရဲ့အခြားယာဉ်တွေနဲ့အတူ Model Y ရောင်းအားက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းက ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့ CEO Elon Musk ရဲ့ နိုင်ငံရေးဆက်နွှယ် မှုတွေကြောင့် Tesla အပေါ် စိတ်ဝင်စားမှု လျော့ကျသွားပြီး ရောင်းအားကျဆင်းသွားခဲ့ပါတယ်။ Tesla ဟာ ၂၀၂၅ ခုနှစ်တုန်းက Model Y ကို ဈေးသက်သက်သာသာနဲ့ မိတ်ဆက်ခဲ့ပေမဲ့ ရောင်းအားတက်ဖို့ အထောက်အကူ မပြုခဲ့တာကြောင့် အခုလိုမျိုး ပြန်လည်ပြုပြင်မွမ်းမံထားတဲ့ ဗားရှင်းအသစ်ကို ထပ်မံမိတ်ဆက်လာတာ ဖြစ်ပါတယ်။


news-view-count-icon

17