back

ဂရမ်မီစင်မြင့်ထက်က အစီအစဉ်တင်ဆက်သူထရေဗာနိုအာ၏ ပြက်လုံးကြောင့် တရားစွဲမည်ဟုအ‌ေမရိကန်သမ္မတဒေါ်နယ်ထရမ့် မှခြိမ်းခြောက်လာ

Feb 03 • 7:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂရမ်မီစင်မြင့်ထက်က အစီအစဉ်တင်ဆက်သူထရေဗာနိုအာ၏ ပြက်လုံးကြောင့် တရားစွဲမည်ဟုအ‌ေမရိကန်သမ္မတဒေါ်နယ်ထရမ့် မှခြိမ်းခြောက်လာ

၂၀၂၆ ခုနှစ် ဂရမ်မီဆုပေးပွဲ အခမ်းအနား အစီအစဉ်တင်ဆက်သူ ထရေဗာနိုအာက အက်ပ်စတိန်း အရှုပ်တော်ပုံ ဖိုင်တွဲများအကြောင်း ရည်ညွှန်းပြီး သမ္မတ ဒေါ်နယ်ထရမ့်ကို တုံ့ပြန် ပြက...

၂၀၂၆ ခုနှစ် ဂရမ်မီဆုပေးပွဲ အခမ်းအနား အစီအစဉ်တင်ဆက်သူ ထရေဗာနိုအာက အက်ပ်စတိန်း အရှုပ်တော်ပုံ ဖိုင်တွဲများအကြောင်း ရည်ညွှန်းပြီး သမ္မတ ဒေါ်နယ်ထရမ့်ကို တုံ့ပြန် ပြက်လုံးထုတ်ကာ ဖွင့် လှစ်ခဲ့သည်။ ထိုလုပ်ရပ်အပေါ် ထရေဗာနိုအာကို တရားစွဲမည်ဟု အမေရိကန်သမ္မတက ဒေါသတကြီးဖြင့် ခြိမ်းခြောက်လိုက်သည်။ဒီည ဒီစင်မြင့်ထက်မှာ တစ်ဦးတည်းသော မစ္စလော်ရန်ဟေးလ် ဖျော်ဖြေပါလိမ့်မယ်။ ဒါဟာ တကယ်ကို မယုံနိုင်စရာပဲဗျ။ ဘာလို့လဲဆိုတော့ သူနောက်ဆုံး ဂရမ်မီမှာ ဖျော်ဖြေခဲ့တာက ၁၉၉၉ ခုနှစ်ကလေ။ အဲဒါ ဘယ်လောက်တောင် ကြာခဲ့ပြီလဲဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်ဦး။ ၁၉၉၉ တုန်းက သမ္မတမှာ လိင်အရှုပ်တော်ပုံရှိခဲ့တယ်၊ လူတွေက ကွန်ပျူတာတွေကြောင့် ကမ္ဘာကြီး ပျက်တော့မယ်လို့ ထင်နေကြတယ်၊ နောက်ပြီး P. Diddy လည်း အဖမ်းခံခဲ့ရတယ်။ ဟော အခုကြည့်ပါဦး။ အချိန်တွေက ဘယ်လောက်တောင် ပြောင်းလဲသွားလိုက်သလဲ"ဟု အခမ်းအနားဖွင့်ပွဲတွင် ထရေဗာနိုအာက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ယင်းပြောကြားချက်အပေါ် သမ္မတထရမ့်က ထရေဗာကို လုံးဝ ရှုံးနိမ့်နေသူဟု တုံ့ပြန်လိုက်ပြီး "ဒီသနားစရာကောင်းပြီး အရည်အချင်းမရှိတဲ့ အစီအစဉ်တင်ဆက်သူအပေါ် ကျနော်ရဲ့ ရှေ့နေတွေက တစ်ဆင့် တရားစွဲဆိုသွားမှာ ဖြစ်သလို၊ လျော်ကြေးငွေ အများအပြားလည်း တောင်းဆိုသွားမှာပါ" ဟု ပြင်းပြင်းထန်ထန် ပြောကြားခဲ့သည်။နိုအာက ကျနော်နဲ့ ဘီလ်ကလင်တန်တို့ အက်ပ်စတိန်းကျွန်းကို သွားခဲ့တယ်လို့ မှားယွင်းစွာ ပြောဆိုခဲ့တယ်။ ဒါဟာ လုံးဝအမှားပဲ။ Bill အကြောင်းတော့ ကျနော် မသိဘူး၊ ဒါပေမဲ့ ကျနော်ကတော့ သူ့ကျွန်းကို တစ်ခါမှ မသွားဖူးသလို အနားတောင် မကပ်ဖူးပါဘူး။ ဒီညရဲ့ မမှန်ကန်တဲ့ စွပ်စွဲချက် မတိုင်ခင်အထိ သတင်းတု မီဒီယာတွေကတောင် ကျနော့ကို အဲဒီလို မစွပ်စွဲခဲ့ဖူးဘူး" သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် စာလုံးကြီးများဖြင့် ဆက်လက် ရေးသားခဲ့သည်။၎င်းက "နိုအာရေ အသင့်ပြင်ထားပေတော့၊ မင်းနဲ့ ငါ ပျော်ပျော်ကြီး ကစားကြတာပေါ့" ဟုလည်း ၎င်းက ထည့်သွင်း ခြိမ်းခြောက်ခဲ့သည်။



news-view-count-icon

14