မြန်မာ - တရုတ်နယ်စပ်ဂိတ်တွင် တရုတ်နှစ်ကူးနီးလာပြီဖြစ်သည့်အတွက် ဖရဲ၊ သခွားများဈေးကောင်းရနေကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ဖေဖော်ဝါရီလ ၁၆ ရက်နေ့သည် တရုတ်နှစ်သစ်ကူးပွဲတော်ရက်ဖြစ်၍ ယင်းကာလမတိုင်မီ ဝယ်လိုအားကောင်းနေသကဲ့သို့ ပုံမှန်အရဆိုလျှင်လည်း ၎င်းတို့ဘက်မှ လိုအပ်ချက်ရှိနေခြင်းကြောင့် အရည်အသွေးကောင်းလျှင် ဈေးကောင်းရခြင်းဖြစ်ကြောင်း သိရသည်။



