အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းများမှ ပြန်လည်လွတ်မြောက်လာသူများ နေအိမ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ခရီးစရိတ်များ ကူညီပံ့ပိုးပေးနေကြောင်း အသိပေးထုတ်ပြန်ထားသည်။ ၎င်းအပြင် အကျဉ်းကျခံနေရသူများကို သွားရောက်တွေ့ဆုံလိုသည့် မိသားစုဝင်များအတွက်လည်း ခရီးစရိတ် ထောက်ပံ့ပေးသည့် အစီအစဉ်ကိုပါ ဆောင်ရွက်ပေးလျက်ရှိသည်။ ဤလုပ်ဆောင်ချက်မှာ ICRC ၏ ကြားနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၊ အကူအညီလိုအပ်သူများအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်တွေ၊ မြစ်ကြီးနား၊ ဘားအံနှင့် ကျိုင်းတုံမြို့များရှိ ICRC ရုံးခွဲများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရှိရပါသည်။
Feb 03 • 7:15 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 34 | 0 | 0 | 0 |


