မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ နယ်လှည့် ကွင်းဆင်းဆောင်ရွက်သည့် အစီအစဥ်ကို ဇန်နဝါရီလ(၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့တို့တွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ဖြူးမြို့နယ်တွင် အသေးစား ခြေတု၊ လက်တု ပြုပြင်ရန် လိုအပ်သူ (၇၁)ဦးနှင့် အုတ်တွင်းမြို့နယ်တွင် အသေးစား ခြေတု၊ လက်တု ပြုပြင်ရန် လိုအပ်သူ (၅၄)ဦးတို့ကို ပြုပြင်ပေးခဲ့ပြီး အကြီးစားပြင်ဆင်ရန်နှင့် အသစ်ပြုလုပ်ရန် လိုအပ်သူ (၂၇)ဦးကို ဘားအံခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနသို့ ညွှန်းပို့ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။အဆိုပါ နယ်လှည့် ကွင်းဆင်းဆောင်ရွက်သည့် အစီအစဥ်တွင် ဘားအံ ခြေတု လက်တုပြန်လည် သန်စွမ်းရေးဌာနမှ ကွင်းဆင်းအရာရှိ ဦးထွန်းထွန်းအောင်နှင့် ဝန်ထမ်း(၇)ဦးတို့မှ ဆောင်ရွက်ခဲ့ရာ ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးခဲ့ပါသည်
။


