back

လာမည့် ပညာသင်နှစ်တွင် Grade-12 ၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲပြီး အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းမည်

Feb 03 • 5:39 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

လာမည့် ပညာသင်နှစ်တွင် Grade-12 ၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲပြီး အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းမည်

လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် Grade-12 ၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ဖေဖော်...

လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် Grade-12 ၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ဖေဖော်ဝါရီ ၂ ရက်နေ့က နေပြည်တော်၌ ကျင်းပပြုလုပ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ သင်ကြားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးအတွင်း လာမည့်ပညာသင်နှစ်တွင် Grade-12 ၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲရမည်ဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီး၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာနတွင်ရှိသည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းမည်ဖြစ်ပြီး အသစ်ပြန်လည်ဖွဲ့စည်းမည့် အဆိုပါ ကော်မတီတွင် ဒုတိယဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စေမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။ပြန်လည်ဖွဲ့စည်းရာတွင် ပညာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူများသာမက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာများနှင့်ပတ်သက်သည့် ပညာရှင်များကိုပါ ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းမည်ဆိုပါက ပိုမိုကောင်းမွန်သည့် သင်ရိုးညွှန်းတမ်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း

စသဖြင့် ပြောကြားခဲ့ပါတယ်။

အလယ်တန်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များ ထည့်သွင်းသင်ကြားပေးရန် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လာမည့် ၂၀၂၆ ခုနှစ် ပညာသင်နှစ် ဇွန်လမှစတင်၍ အလယ်တန်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ထည့်သွင်းသင်ကြားပေးနိုင်ရန်၊ သင်ရိုးများ အချိန်မီရေးဆွဲရန်၊ သင်ကြားမည့် ဆရာ ဆရာမများနှင့် ဆင့်ပွားသင်တန်းများ ဆက်လက်ပေးရန်၊ သင်ကြားမည့်အချိန်များ သတ်မှတ်နိုင်ရန် ဆွေးနွေးကြစေလိုပါကြောင်းနှင့် မကြာမီ ကျင်းပမည့် Grade-12 စာမေးပွဲဖြစ်သည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး စာမေးပွဲများတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။


news-view-count-icon

34