back

မကွေးတိုင်း၊ မင်းဘူးမြို့ရှိ မြို့မစျေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရန်စစ်ဆေး

Feb 03 • 4:45 AM

breaking-news

မြန်မာ

မကွေး

breaking-news
cover

မကွေးတိုင်း၊ မင်းဘူးမြို့ရှိ မြို့မစျေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရန်စစ်ဆေး

မကွေးတိုင်း၊ မင်းဘူးမြို့ရှိ မြို့မစျေးအတွင်းဖွင့်လှစ်ထားသော စျေးဆိုင်များ၌ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော၊ ဘေးထွက်ဆိုးကျိုးဖြစ်စေသော စားသောက်ကုန်များရောင်းချခ...

မကွေးတိုင်း၊ မင်းဘူးမြို့ရှိ မြို့မစျေးအတွင်းဖွင့်လှစ်ထားသော စျေးဆိုင်များ၌ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော၊ ဘေးထွက်ဆိုးကျိုးဖြစ်စေသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရေးအတွက် ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ဈေးဆိုင်များတွင် ဘေးအန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ၊ အဏုဇီဝပိုးမွှားများပါဝင်မှုရှိ/မရှိ၊ စားသုံးဆီများတွင် ကျန်းမာရေးအတွက်ဆိုးကျိုးဖြစ်စေသော အသွင်ပြောင်းအဆီပါဝင်မှုနှုန်း၊ ငရုတ်သီးမှုန့်၊ မြေပဲ၊ ပဲအမျိုးမျိုး၊ နှမ်း၊ မြေပဲဆီနှင့် ပြောင်းနှင့်လုပ်သော မုန့်များတွင် မှိုပါဝင်မှုရှိ/မရှိ၊ အစားအသောက်များတွင် လူကိုဘေးဥပဒ်ဖြစ်စေတတ်သော ဓာတ်သတ္တုများပါဝင်မှုရှိ/မရှိ၊ အစားအသောက်၊ ဆေးဝါး၊ ဆေးဝါးနှင့် အလှကုန်စသည့် စားသောက်ကုန်ပစ္စည်း (၁၅) မျိုးကို ဓာတ်ခွဲစစ်ဆေးခဲ့ကြကြောင်း သိရသည်။


news-view-count-icon

21