ချဲလ်ဆီးအသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား ဖြစ်တဲ့ အန်ဇို ဖာနန်ဒက်စ်က လက်ရှိသူ့ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်နေပြီး ရာသီကုန်မှာ ဆုဖလားအောင်မြင်မှု တွေရဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။အန်ဇို ဖာနန်ဒက်စ်က “အသင်းကို ကူညီနိုင်ဖို့ ဘယ်လိုအခြေအနေမျိုးမှာမဆို အမြန်ဆုံးအသားကျအောင် ကြိုးစားပါတယ်။ အသင်းဖော်တွေကို ကူညီဖို့ နေ့တိုင်း ကျွန်တော့်ဘက်က အစွမ်းကုန် ပေးဆပ်နေပါတယ်။ ကျွန်တော့်ရဲ့ တစ်ကိုယ်ရည် စွမ်းဆောင်ရည်အပေါ်မှာလည်း အားရမိသလို ဒီရာသီမှာ ဆုဖလားတစ်လုံး ဒါမှမဟုတ် နှစ်လုံးလောက်နဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့တာပါ။
အန်ဇိုဖာနန်ဒက်စ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ချဲလ်ဆီးရဲ့ အားအထားရဆုံး ကစားသမား တစ်ဦးဖြစ်ပြီး ၁၀ဂိုးသွင်းပြီး၃ကြိမ်ဖန်တီးမှု ပြုလုပ်ထားပါတယ်။



