back

ဘုန်းတော်ကြီး ဒလိုင်လားမား ဂရမ်မီဆု ရရှိမှုကို နိုင်ငံရေးကစားကွက်ဟု တရုတ် အပြင်းအထန် ဝေဖန်

Feb 03 • 5:08 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ဘုန်းတော်ကြီး ဒလိုင်လားမား ဂရမ်မီဆု ရရှိမှုကို နိုင်ငံရေးကစားကွက်ဟု တရုတ် အပြင်းအထန် ဝေဖန်

တိဗက်ဘုန်းတော်ကြီး ဒလိုင်လားမား၏ ပထမဆုံးဂရမ်မီဆု ရရှိမှုကို တရုတ်အစိုးရက တနင်္လာနေ့တွင် အပြင်းအထန်ဝေဖန်လိုက်ပြီး အသံစာအုပ်၊ ရွတ်ဆိုခြင်းနှင့် ဇာတ်ကြောင်းပြောခြင...

တိဗက်ဘုန်းတော်ကြီး ဒလိုင်လားမား၏ ပထမဆုံးဂရမ်မီဆု ရရှိမှုကို တရုတ်အစိုးရက တနင်္လာနေ့တွင် အပြင်းအထန်ဝေဖန်လိုက်ပြီး အသံစာအုပ်၊ ရွတ်ဆိုခြင်းနှင့် ဇာတ်ကြောင်းပြောခြင်း အမျိုးအစားဖြင့် ဆုရရှိခဲ့သည့် ယင်းဂီတနယ်ပယ်၏ အမြင့်ဆုံးဆုသည် တရုတ်ဆန့်ကျင်ရေး နိုင်ငံရေး ကစားကွက်တစ်ခုအဖြစ် အသုံးချခံနေရခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။အိန္ဒိယ၌ ပြည်ပရောက်အဖြစ် သီတင်းသုံးနေသည့် တိဗက်ဗုဒ္ဓဘာသာ သာသနာပိုင်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ၎င်း၏ "Meditations: The Reflections of His Holiness the Dalai Lama" ဆိုသည့် အသံစာအုပ်ဖြင့် ဂရမ်မီဆုရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းဆုကို "ကျွန်ုပ်တို့အားလုံးမှာ ရှိရမယ့် ဘုံတာဝန်ဝတ္တရားကို အသိအမှတ်ပြုခြင်း" အဖြစ် ရှုမြင်ကြောင်း ဘုန်းတော်ကြီး ဒလိုင်လားမားက ၎င်း၏ဝက်ဘ်ဆိုက် မှတစ်ဆင့် ပြောကြားခဲ့ပြီး ကျေးဇူးတင်သည့်အပြင် လေးမြတ်စွာဖြင့် လက်ခံရယူကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။၁၄ ယောက်မြောက် ဒလိုင်လားမားဟာ ဘာသာရေးခေါင်းဆောင် သက်သက်မဟုတ်ဘဲ ဘာသာရေးကို အကြောင်းပြပြီး တရုတ်ဆန့်ကျင်ရေး ခွဲထွက်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံရေးသမားတစ်ဦး ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ" ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက အပြင်းအထန် တုံ့ပြန်ခဲ့သည်။ ယင်းဆုကို တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေခြင်းအား လုံးဝ ကန့်ကွက်ကြောင်းလည်း ၎င်းက ဆိုသည်။တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုက်ပွဲဝင်မှု၏ ပြယုဂ်အဖြစ် ထင်ရှားသော ဒလိုင်လားမားသည် ၁၉၅၉ ခုနှစ်က တိဗက်မြို့တော် လာဆာတွင် ဖြစ်ပွားသည့် အုံကြွမှုကို တရုတ်တပ်ဖွဲ့များက နှိမ်နင်းပြီးကတည်းက ပြည်ပတွင် ခိုလှုံ သီတင်းသုံးခဲ့ရခြင်း ဖြစ်သည်။ တရုတ်အစိုးရသည် တိဗက်ဘာသာစကား၊ ယဉ်ကျေးမှုနှင့့် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများကို ဖျောက်ဖျက်ရန် ကြိုးစားနေသည်ဟု အမြဲလို စွပ်စွဲခံနေသည်။လက်ရှိတွင် ပေကျင်းအစိုးရနှင့် ဒလိုင်လားမားတို့သည် ဒလိုင်လားမား၏ အရိုက်အရာဆက်ခံသူ ကိစ္စကြောင့်လည်း အချေအတင် ဖြစ်နေကြသည်။

ဒလိုင်လားမားသည် ၁၃၉၁ ခုနှစ်ကတည်းက စတင်ခဲ့သည့် သာသနာပိုင်ခေါင်းဆောင်၏ လူဝင်စားဖြစ်သည်ဟု တိဗက်ဗုဒ္ဓဘာသာဝင်များက ယုံကြည်ကြသည်။


news-view-count-icon

6