တနင်္သာရီတိုင်း၊ပုလောမြို့နယ် ပြည်ထောင်စုကားလမ်းနံဘေးရှိ ဆင်ထိုးကြီးကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ်တွင် မီးထပ်မံလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမနံဘေးရှိ ဆင်ထိုးကြီးကျေးရွာ လမ်းလေးခွဆုံတွင် နေ့လယ် ၁၂ နာရီခန့်ကစပြီး မီးလောင်နေကြောင်း ၎င်းတို့က ဆိုသည်။ လက်တလောတွင် နေအိမ် နှစ်လုံး မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး ဆက်လက်လောင်နေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောဆိုသည်။ဆင်ထိုးကြီး ဒေသခံများနှင့် ပတ်ဝန်းကျင်ရွာဖြစ်သည့် ကျောက်တောင်ရွာက မီးသတ်ကားနှင့်အတူ ရွာသားအချို့ မီးလာငြှိမ်းသတ်ပေးနေကြကြောင်း ဒေသခံများထံမှ သိရသည်။ 
Feb 03 • 4:34 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 16 | 0 | 0 | 0 |


