back

ပွင့်ဖြူမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

Feb 03 • 4:35 AM

breaking-news

မြန်မာ

မကွေး

cover

ပွင့်ဖြူမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပညာရေးဌာနနှင့် ပူးပေါင်းပြီး (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပ...

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပညာရေးဌာနနှင့် ပူးပေါင်းပြီး (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် ၊ နံနက် ၁၀ နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင် က ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပရာ ပွင့်ဖြူမြို့ ၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူ (၂၀)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ထို့နောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် သုတရသ စာအုပ်စာစောင် ပြပွဲကို ခင်းကျင်းပြသရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား ဝင်ရောက်လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရ သည်။

news-view-count-icon

14