back

ကမ္ဘောဒီးယားမှာ ကျားဖြန့်စခန်းကို ဝင်ရောက်စီးနင်းရာ မြန်မာ ၁၇၉ ဦး အပါအဝင်နိုင်ငံစုံမှ လူ ၂,၀၀၀ ကျော်ကို ဖမ်းဆီး

Feb 03 • 4:28 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကမ္ဘောဒီးယားမှာ ကျားဖြန့်စခန်းကို ဝင်ရောက်စီးနင်းရာ မြန်မာ ၁၇၉ ဦး အပါအဝင်နိုင်ငံစုံမှ လူ ၂,၀၀၀ ကျော်ကို ဖမ်းဆီး

တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေကြောင့် ကမ္ဘောဒီးယားအာဏာပိုင်တွေက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းခဲ့ရာမှာ ဇန်နဝါရီ ၃၁ ရက်က ဗီယက်နမ်နယ်စပ်အနီး ဘာဗက်မြို့မှ...

တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေကြောင့် ကမ္ဘောဒီးယားအာဏာပိုင်တွေက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းခဲ့ရာမှာ ဇန်နဝါရီ ၃၁ ရက်က ဗီယက်နမ်နယ်စပ်အနီး ဘာဗက်မြို့မှာရှိတဲ့ ငွေလိမ်လုပ်ငန်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲ့ဒီစီးနင်းမှုအတွင်း နိုင်ငံခြားသား ၂,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဲဒီအထဲမှာ အများစုဖြစ်တဲ့ တရုတ်နိုင်ငံသား ၁,၇၉၂ ဦးအပြင် မြန်မာနိုင်ငံသား ၁၇၉ ဦးလည်း ပါဝင်နေတယ်လို့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။အဆောက်အအုံ ၂၂ လုံးပါဝင်တဲ့ အဲဒီဝင်းကြီးဟာ ကာစီနိုရုံအသွင် ဟန်ဆောင်ထားပေမယ့် တကယ်တမ်းမှာတော့ ဆက်သွယ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုလို တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတာ ကြာမြင့်နေပြီဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ရာဇဝတ်ကောင်တွေအတွက် ခိုလှုံရာမဟုတ်ဘဲ ငရဲခန်းသာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပြီး ဖမ်းဆီးခံရသူတွေကို နေရပ်ပြန်ပို့မပို့ အတိအကျ မပြောသေးပေမယ့် တရုတ်နိုင်ငံသားတွေကိုတော့ ပေကျင်းကို လွှဲပြောင်းပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက ကျားဖြန့်ကွန်ရက်တွေကို အဓိကထား နှိမ်နင်းခဲ့ပြီးနောက်ပိုင်း အဲဒီဂိုဏ်းတွေ ပြိုကွဲတာ ဒါမှမဟုတ် နေရာရွှေ့ပြောင်းတာတွေ ဖြစ်လာပြီးတဲ့နောက် အခုအခါမှာတော့ ကမ္ဘောဒီးယားဘက်ကို အာရုံစိုက် နှိမ်နင်းလာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးမှုနဲ့ ရာဇဝတ်မှုတွေ များလာတာက နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေတယ်လို့ ကမ္ဘောဒီးယားဆိုင်ရာ တရုတ်သံအမတ်ကြီးက သတိပေးပြောကြားထားသလို ကမ္ဘောဒီးယားအစိုးရကလည်း ဒီပြဿနာကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ကတိပြုထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ၇ လအတွင်း နိုင်ငံပေါင်း ၂၃ နိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း သံသယရှိသူ ၅၁၀၆ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက ၄၅၃၄ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ အခုပြုလုပ်ခဲ့တဲ့ ဘာဗက်မြို့ စီးနင်းမှုဟာ နိုင်ငံတစ်ဝန်း စီမံချက်တွေထဲမှာ အကြီးမားဆုံး စစ်ဆင်ရေးတစ်ခုဖြစ်ပြီး ဆီဟာနုဗီးလ်လို တခြားဒေသတွေမှာလည်း တပြိုင်နက်တည်း နှိမ်နင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


news-view-count-icon

22