back

ပြည်တွင်း၌ချေးငွေကြွေးကျန်ပေးဆပ်ဖို့ ရှိတဲ့ အငှားဝယ်မော်တော်ယာဉ်တွေကို ပြန်လည်သိမ်းဆည်းသွားမယ်ဟုဆို

Feb 03 • 3:58 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ချေးငွေကြွေးကျန်ပေးဆပ်ဖို့ ရှိတဲ့ အငှားဝယ်မော်တော်ယာဉ်တွေကို ပြန်လည်သိမ်းဆည်းသွားမယ်ဟုဆို

ပြည်တွင်း၌ချေးငွေကြွေးကျန်ပေးဆပ်ဖို့ ရှိတဲ့ အငှားဝယ်မော်တော်ယာဉ်တွေကို ပြန်လည်သိမ်းဆည်းသွားမယ်လို့နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် က ဖေဖော်ဝါရီ ၃ ရက်မှာ အသိပေးပြောလာပ...

ပြည်တွင်း၌ချေးငွေကြွေးကျန်ပေးဆပ်ဖို့ ရှိတဲ့ အငှားဝယ်မော်တော်ယာဉ်တွေကို ပြန်လည်သိမ်းဆည်းသွားမယ်လို့နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် က ဖေဖော်ဝါရီ ၃ ရက်မှာ အသိပေးပြောလာပါတယ်။ အငှားဝယ်ယူသူနဲ့ ဘဏ်တို့ ချုပ်ဆိုခဲ့တဲ့ ကတိစာချုပ် တွေ အရ မော်တော်ယာဉ် တွေဟာ ဘဏ်ရဲ့ပိုင်ဆိုင်မှုပစ္စည်းအဖြစ် တည်ရှိတဲ့ အတွက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ကနေ မော်တော်ယာဉ်တွေကို ပြန်လည်သိမ်းဆည်းသွားမှာ ဖြစ်ပါတယ်လို့ " နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် က ပြောထားပါတယ်။အငှားဝယ်ချေးငွေရယူပြီး ဝယ်ယူခဲ့တဲ့ မော်တော်ယာဉ် တွေ နဲ့ သက်ဆိုင်တဲ့ စာချုပ်စာတမ်းတွေနဲ့ ယာဉ်မှတ်ပုံတင်စာအုပ်(Owner Book) မူရင်း တွေဟာ လည်း နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှာ အာမခံအဖြစ် ရှိနေတယ်လို့ဆိုပါတယ်။ အငှားဝယ်ချေးငွေရယူပြီး မော်တော်ယာဉ်လက်ဝယ်ရှိသူတွေနဲ့ အကြောင်း အမျိုးမျိုးနဲ့မော်တော်ယာဉ်လက်ဝယ်ရှိသူတွေဟာ မိမိတို့လက်ဝယ်ရှိ မော်တော်ယာဉ် တွေ နဲ့ ပတ်သက်လို့ ပိုင်ဆိုင်မှုခိုင်မာစေဖို့ အငှားဝယ်ချေးငွေကြွေးကျန်တွေကို ပြေကြေစွာ ပြန်လည်ပေးဆပ်သွားဖို့လိုတယ်လို့သိရပါတာ်။ချေးငွေပြေကြေတာ မရှိတဲ့ အငှားဝယ်မော်တော်ယာဉ် တွေ ကို ပဋိညာဉ် စာချုပ်ပါစည်းကမ်းချက် တွေ နဲ့ အညီ သိမ်းဆည်းသွားမှာဖြစ်တယ်လို့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ကနေထပ်မံပြောထားပါတယ်။


news-view-count-icon

44