ထိုင်းနိုင်ငံ၊ နွန်ထဘူလီခရိုင်ရှိ ရေသန့်ဗူးထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စက်ညှပ်မိသဖြင့် ညာဘက်လက်ဖဝါးတစ်ဝက် ဖြတ်ထုတ်လိုက်ရပြီးနောက် ထိုက်သင့်သည့် နစ်နာကြေးရရှိရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ စက်ရုံဘက်မှ ဆေးကုသစရိတ် ဘတ် (၁) သိန်းကျော် ကုန်ကျထားသဖြင့် ထပ်မံ၍ နစ်နာကြေးမပေးနိုင်တော့ကြောင်းနှင့် ဥပဒေအရ လုပ်အားခ ရက် ၃၀ စာသာ ပေးမည်ဟု ပြောဆိုထားသော်လည်း၊ WAG အဖွဲ့ကမူ လူမှုဖူလုံရေးအာမခံ (ပကန်စံခွန်) ရုံးနှင့် ချိတ်ဆက်၍ အလုပ်သမား၏ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန် ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါ အလုပ်သမားမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ဒဏ်ရာအခြေအနေကြောင့် ဆေးကုသမှုပြီးမြောက်မှသာ နစ်နာကြေးဆိုင်ရာ အမှုကိစ္စများကို ထိုင်းဥပဒေနှင့်အညီ အပြီးသတ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Feb 03 • 4:07 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


