back

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၆၁ ဦးအား ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်

Feb 03 • 3:51 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၆၁ ဦးအား ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၆၁ ဦးကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ရေလမ်...

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၆၁ ဦးကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါပြန်လည်ရောက်ရှိလာသူများတွင် အမျိုးသား ၄၄ ဦးနှင့် အမျိုးသမီး ၁၇ ဦး ပါဝင်ပြီး ကော့သောင်းမြို့ရှိ တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ကြကာ ကျန်းမာရေးစစ်ဆေးမှုများအပြင် အမည်မည်းစာရင်းပါရှိမှုနှင့် လူမှောင်ခိုမှုဆိုင်ရာ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြသည်။ တာဝန်ရှိသူများအနေဖြင့် လိုအပ်သော စစ်ဆေးမှုများအပြီးတွင် ၎င်းတို့အား နေရပ်အသီးသီးသို့ ပြန်နိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

15