back

ဒလိုင်းလားမား ဂရမ်မီဆု ဆွတ်ခူးမှုအပေါ် တရုတ်အစိုးရ ပြင်းပြင်းထန်ထန် ကန့်ကွက်

Feb 03 • 3:50 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ဒလိုင်းလားမား ဂရမ်မီဆု ဆွတ်ခူးမှုအပေါ် တရုတ်အစိုးရ ပြင်းပြင်းထန်ထန် ကန့်ကွက်

(၆၈) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင် တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက “Meditations: The Reflections Of His Holiness The Dalai Lama” အမည်ရှိ အသံစာအုပ်ဖြင့် ...

(၆၈) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင် တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက “Meditations: The Reflections Of His Holiness The Dalai Lama” အမည်ရှိ အသံစာအုပ်ဖြင့် “အကောင်းဆုံး အသံစာအုပ်၊ ဇာတ်ကြောင်းပြောခြင်းနှင့် ပုံပြောခြင်းကဏ္ဍ” တွင် ဆုဆွတ်ခူးရရှိခဲ့မှုအပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်ကန့်ကွက်လိုက်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ဒလိုင်းလားမားအား ဘာသာရေးအမည်ခံကာ ခွဲထွက်ရေးလုပ်ဆောင်နေသည့် နိုင်ငံရေးသမားတစ်ဦးအဖြစ် စွပ်စွဲခဲ့ပြီး၊ အနုပညာဆုများကို တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေခြင်းကို လက်မခံကြောင်း ပြောကြားခဲ့သည်။ ဒလိုင်းလားမားကမူ ဤဆုသည် ငြိမ်းချမ်းရေးနှင့် ကရုဏာတရား သတင်းစကားများ ကမ္ဘာသို့ပျံ့နှံ့ရန် အထောက်အကူပြုသဖြင့် ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့သော်လည်း၊ တရုတ်အစိုးရဘက်ကမူ ၎င်းအား နိုင်ငံရေးအရ အမြတ်ထုတ်မှုအဖြစ် ရှုမြင်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

10