နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေမြို့နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းမှ လာမည့် ဇွန်လအတွင်း လျှပ်စစ်ဓာတ်အားများ စတင်ထုတ်လွှတ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် စတင်ခဲ့သည့် အဆိုပါစီမံကိန်းသည် ယခု ဖေဖော်ဝါရီလအတွင်း ဆိုလာပြားတပ်ဆင်မှုလုပ်ငန်းများ အပြီးသတ်မည်ဖြစ်ကာ ဓာတ်အားထုတ်လွှတ်ပါက နိုင်ငံတော်ဓာတ်အားလိုင်းမှတစ်ဆင့် ရွှေမြို့လျှပ်စစ်ခွဲရုံသို့ ပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။ ဤစီမံကိန်းမှ မဂ္ဂါဝပ် ၂၀၀ နီးပါး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Feb 03 • 3:48 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 29 | 0 | 0 | 0 |


