ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ဂုမ္မကွင်းကျေးရွာအနီး မိုင်တိုင်အမှတ် (၁၂၀/၂) တွင် ဖေဖော်ဝါရီ ၂ ရက် ည ၈ နာရီ ၁၀ မိနစ်အချိန်ခန့်က ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးနေအိမ်ခြံဝန်းရှိ သစ်ပင်အား ဝင်ရောက်တိုက်မိသည့် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးတွင် (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကြို့ပင်ကောက်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းများက ဝိုင်းဝန်းကူညီကယ်ဆယ်ခဲ့ကြပြီး၊ ဒဏ်ရာရရှိသူများကို မြတ်မွန်စေတနာလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည်လမ်း၌ ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ဝင်တိုက်၊ လူနှစ်ဦး စိုးရိမ်ရဒဏ်ရာရရှိ
Feb 03 • 3:47 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 12 | 0 | 0 | 0 |


