back

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေပြည်သာမြို့နယ်၌ နဝရတ်အားကစားခန်းမ ဖွင့်လှစ်

Feb 03 • 3:43 AM

breaking-news

မြန်မာ

ရန်ကုန်

cover

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေပြည်သာမြို့နယ်၌ နဝရတ်အားကစားခန်းမ ဖွင့်လှစ်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "နဝရတ်အားကစားခန...

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "နဝရတ်အားကစားခန်းမ" ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အနာဂတ်မျိုးဆက်သစ် နိုင်ငံဂုဏ်ဆောင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး၊ အားကစားခန်းမအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေးနှင့် နွေရာသီသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေးတို့ကို တိုက်တွန်းမှာကြားခဲ့ကြသည်။ အခမ်းအနားတွင် ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့် မြန်မာ့သိုင်း၊ အေရိုးဗစ်၊ ဝူရှူးအားကစားအဖွဲ့များက သရုပ်ပြဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

17