back

ရန်ကုန်မြို့ ရပ်ကွက်ဈေးများတွင် ဝက်သားဈေးနှုန်းများ အနည်းငယ် ပြန်လည်ကျဆင်းလာ

Feb 03 • 3:45 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ ရပ်ကွက်ဈေးများတွင် ဝက်သားဈေးနှုန်းများ အနည်းငယ် ပြန်လည်ကျဆင်းလာ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ ရန်ကုန်မြို့ရှိ ရပ်ကွက်ဈေးများ၏ အခြေအနေအရ ပြီးခဲ့သည့်အပတ်က တစ်ဆယ်သားလျှင် ၃,၈၀၀ ကျပ်အထိ မြင့်တက်ခဲ့သော ဝက်သားဈေးနှုန်းများမှာ ...

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ ရန်ကုန်မြို့ရှိ ရပ်ကွက်ဈေးများ၏ အခြေအနေအရ ပြီးခဲ့သည့်အပတ်က တစ်ဆယ်သားလျှင် ၃,၈၀၀ ကျပ်အထိ မြင့်တက်ခဲ့သော ဝက်သားဈေးနှုန်းများမှာ ယခုအပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း သိရသည်။ လက်ရှိတွင် ဝက်သားသုံးထပ်သားနှင့် အသားများကို ဈေးကွက်အလိုက် တစ်ဆယ်သားလျှင် ၃,၀၀၀ ကျပ်မှ ၃,၅၀၀ ကျပ်အတွင်း ရောင်းချနေပြီး၊ ဝက်ခေါင်းသား၊ နံရိုးနှင့် မြီးများမှာ ၂,၈၀၀ ကျပ်မှ ၃,၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ဝက်သားဈေး အနည်းငယ်ကျဆင်းလာမှုကြောင့် စားသုံးသူများ ပိုမိုဝယ်ယူလျက်ရှိသော်လည်း အခြားအသားဈေးနှုန်းများမှာမူ အမြင့်ဈေးဖြင့်သာ ဆက်လက်တည်ရှိနေကြောင်း သိရှိရပါသည်။

news-view-count-icon

28