ယနေ့ကျင်းပခဲ့သည့် ဘောလုံးပွဲစဉ်ရလဒ်များအရ အင်္ဂလန်ပရီးမီးယားလိဂ်တွင် ဆန်းဒါးလန်းအသင်းက ဘန်လေကို ၃ ဂိုးပြတ်ဖြင့်လည်းကောင်း၊ စပိန်လာလီဂါတွင် မာယော့ကာအသင်းက ဆီဗီလာကို ၄-၁ ဂိုးဖြင့်လည်းကောင်း အသီးသီးဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အီတလီစီးရီးအေတွင် အူဒီးနီးစ်အသင်းက ရိုးမားကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဆော်ဒီပရိုလိဂ်ပွဲစဉ်များတွင်မူ စီရော်နယ်ဒို၏ အယ်လ်နာဆာအသင်းက အယ်လ်ရီယာ့ဒ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အယ်လ်ဟီလာနှင့် အယ်လ်အာလီတို့ ထိပ်တိုက်တွေ့ဆုံသည့်ပွဲစဉ်မှာမူ ဂိုးမရှိသရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့ကာ အယ်လ်အိုဒူဒီနှင့် နီယွန် SC တို့ပွဲစဉ်မှာလည်း တစ်ဂိုးစီသရေဖြင့် ပွဲပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။
Feb 03 • 3:41 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


