(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရောက်ရှိလာသည့် ယဉ်ကျေးမှုအဖွဲ့များအား ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ၌ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ ရောက်ရှိလာသည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များကို အိုးစည်ဒိုးပတ်များဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး၊ ၎င်းတို့ တည်းခိုနေထိုင်မည့် အိပ်ဆောင်များတွင် စနစ်တကျ နေရာချထားပေးခြင်း၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ လစ်ဟင်းမှုမရှိစေရေးတို့အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ရောက်ရှိလာသည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ဒုတိယဝန်ကြီး ဦးထိန်လင်း ကြိုဆို
Feb 03 • 3:40 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 15 | 0 | 0 | 0 |


