back

ရန်ကုန်နှင့်မန္တလေးတွင် စက်မှုဇုန်များ၊ အိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းများကို မီးမပြတ်တော့သည့် LNG လျှပ်စစ်ဓာတ်အား စတင်ပေးနေပြီး တစ်ယူနစ်လျှင် ငွေကျပ် ၉၀၀ ကောက်ခံ

Feb 03 • 3:27 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်နှင့်မန္တလေးတွင် စက်မှုဇုန်များ၊ အိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းများကို မီးမပြတ်တော့သည့် LNG လျှပ်စစ်ဓာတ်အား စတင်ပေးနေပြီး တစ်ယူနစ်လျှင် ငွေကျပ် ၉၀၀ ကောက်ခံ

ရန်ကုန်နှင့် မန္တလေးမြို့ရှိ စက်မှုဇုန်များ၊ အိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းများကို လျှပ်စစ်မီးမပြတ်တောက်စေရန် LNG လျှပ်စစ်ဓာတ်အားစနစ်ဖြင့် ပြောင်းလဲပေးဝေနေပ...

ရန်ကုန်နှင့် မန္တလေးမြို့ရှိ စက်မှုဇုန်များ၊ အိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းများကို လျှပ်စစ်မီးမပြတ်တောက်စေရန် LNG လျှပ်စစ်ဓာတ်အားစနစ်ဖြင့် ပြောင်းလဲပေးဝေနေပြီး တစ်ယူနစ်လျှင် ၉၀၀ ကျပ် (Economic Rate) နှုန်းဖြင့် စတင်ကောက်ခံနေပြီဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထံမှ သိရသည်။ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံမှ ဓာတ်အားဖြည့်တင်းနိုင်မှုကြောင့် စုစုပေါင်းထုတ်လုပ်မှု ၃၄၀၀ မဂ္ဂါဝပ်အထိ ရှိလာရာ အများပြည်သူများအတွက်လည်း ယခင်ကဲ့သို့ အချိန်အကြာကြီး မီးဖြတ်တောက်ခြင်းမျိုး မရှိတော့ဘဲ တစ်ရက်လျှင် တစ်ကြိမ် (၄ နာရီ) သာ အလှည့်ကျ ဖြတ်တောက်တော့မည်ဖြစ်သည်။ အများပြည်သူသုံး အိမ်သုံးမီတာခနှုန်းထားများကိုမူ ပြောင်းလဲခြင်းမရှိဘဲ ယခင်နှုန်းထားများအတိုင်းသာ ဆက်လက်ကောက်ခံသွားမည်ဖြစ်သော်လည်း ဝန်အားအတိုးအလျှော့ပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

28