တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ကမ္ဘောဒီးယားအာဏာပိုင်များသည် ဇန်နဝါရီ ၃၁ ရက်က ဗီယက်နမ်နယ်စပ်အနီး ဘာဗက်မြို့ရှိ ကာစီနိုအသွင်ယူထားသော အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ နိုင်ငံခြားသား ၂,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ယင်းအထဲတွင် မြန်မာနိုင်ငံသား ၁၇၉ ဦး ပါဝင်နေကြောင်း သိရသည်။ အဆောက်အအုံ ၂၂ လုံးပါဝင်သည့် အဆိုပါဝင်းအတွင်းမှ အများစုမှာ တရုတ်နိုင်ငံသား ၁,၇၉၂ ဦး ဖြစ်ပြီး ၎င်းတို့ကို ပေကျင်းသို့ လွှဲပြောင်းပေးဖွယ်ရှိနေကာ၊ ကမ္ဘောဒီးယားအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ အွန်လိုင်းရာဇဝတ်မှုများကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ကတိပြုထားသည်။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် နှိမ်နင်းမှုများ ပြုလုပ်ပြီးနောက် ရွှေ့ပြောင်းလာသည့် အဆိုပါဂိုဏ်းများကို ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်း အရှိန်အဟုန်ဖြင့် နှိမ်နင်းလျက်ရှိရာ လွန်ခဲ့သည့် ၇ လအတွင်း နိုင်ငံစုံမှ သံသယရှိသူ ၅,၀၀၀ ကျော်အထိ ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားရှိ အကြီးစားကျားဖြန့်စခန်း စီးနင်းမှုတွင် မြန်မာ ၁၇၉ ဦး အပါအဝင် လူ ၂,၀၀၀ ကျော် ဖမ်းဆီးခံရ
Feb 03 • 3:26 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


